22 October, 2007

Today's Hot News - A Quick Looks on Burma

သတင်းတိုများမှပြောသောမြန်မာပြည်အကြောင်း

- ကေအိုင်အို (၁၅) ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးသွားပြီဖြစ်သည်။ အစည်းအဝေး ဆုံးဖြတ်ချက်များတွင် ကေအိုင်အိုနာမည်ကို လိုအပ်သည့်အချိန်တွင် ပြောင်းလဲမည်ဆိုသော ဆုံးဖြတ်ချက် တစ်ခုပါဝင်သည်။


- စက်မူဇုံအလုပ်သမားများ သမဂ္ဂမှ စစ်အစိုးရအနေဖြင့် အလုပ်သမားများ ဆန္ဒမပါဘဲ၊ စစ်အစိုးရ၏ အတင်းအကြပ် ထောက်ခံပွဲများတွင် အလုပ်သမားများကို ဆက်လက် တက်ခိုင်း နေမည်ဆိုလျှင် ILO သို့တိုင်ကြားမည် ဖြစ်ကြောင်းမနေ့က ကြေငြာချက် ထုတ်ပြန် ပြောဆို လိုက်သည်။


- အဖမ်းအဆီးခံခဲ့ရသော အမျိုးသမီးများကို စစ်ကြောသူ စစ်ထောက်လှမ်းရေး များနှင့်ရဲ များမှ ညအခါ များတွင် လိင်ကိစ္စများ၊ ညစ်ညမ်း စကားများဖြင့် ကျူးလွန် စော်ကားကြောင်း ပြန်လွတ်လာသူ အမျိုး သမီးတစ်ဦးမှ ပြောကြားသည်။

The released young woman said arrested women were sexually threatened during nights by military intelligent personals and special police who questioned women in the night time.


- စင်ကာပူ နိုင်ငံခြားရေး ဌာနမှ မြန်မာ့အရေးနှင့် ပတ်သက်၍ မနေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာပြည် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ အနေဖြင့် များစွာ စိုးရိမ်ပူပန် မိကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။ စင်ကာပူ နိုင်ငံအနေဖြင့် မြန်မာပြည်အရေးကို ကုလသမဂ္ဂအဖွဲ့ကြီးမှ အထူးကိုယ်စားလှယ် ဂမ်ဘာရီနှင့် အပြည့်အ၀ပူးပေါင်းဆောင် ရွက်သွားမည် ဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။ စင်ကာပူနိုင်ငံ ချမ်ဂီလေဆိပ်တွင် စင်ကာပူအစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီအား သွားရောက် တွေ့ဆုံ အပြီးတွင် ယခုကဲ့သို့ ထုတ်ပြန် ကြေငြာခဲ့ခြင်း ဖြစ်သည်။


- ဘန်ကီမွန်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့တယ်လီဖုန်းဆက်၍ မြန်မာပြည် အရေးနှင့် ဆူဒန်အရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments: