19 October, 2007

Today's Hot News - Political leaders were being detained in Insein prison, Ko Zaganar Said


နိုင်ငံရေးခေါင်းဆောင်များကို အင်းစိန်ထောင်တွင် တွေ့ခဲ့ရကြောင်း ကိုဇာဂနာပြောကြား

NLD မှ ပြောရေးဆိုခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း၊ တိုင်းရင်းသားခေါင်းဆောင် ဦးပူကျင့်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ အမျိုးသား ရေးဦးဝင်းနိုင်၊ တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းတို့ အပါအ၀င် နိုင်ငံရေးသမား များကို အင်းစိန်ထောင် တိုက်(၅) တွင်တွေ့ခဲ့ရ ကြောင်း ပြန်လည် လွတ်မြောက်လာသော ကိုဇာဂနာမှ ပြောကြားသည်။ အစားအစာ ဆင်းရဲမူ၊ အနေအထိုင် ဆင်းရဲမူ တို့ကြောင့် ၄င်းတို့အားလုံး ဆိုးရွားသော ကျန်းမာရေး အခြေအနေများကို ရင်ဆိုင်နေရ သည်ဟု ကိုဇာဂနာမှ ပြောသည်။ ကိုကျော်သူနှင့် ဇနီး မရွှေဇီးကွက် တို့လည်း ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်ဟု ကိုဇာဂနာမှပြောပါသည်။ “ပြည်သူလူထုအတွက် ယခုအခါတွင် ပိုမိုလုပ်ကိုင်ရန် လိုအပ်ကြောင်း ကျနော်ခံစားရပါသည်” ဟုပြန်လည်လွတ်မြောက်လာသော ကိုဇာဂနာမှ ပြောဆိုပြီး၊ ဒီမိုကရေစီ အရေးအတွက် သူ့အနေနှင့် ဆတက်ထမ်းပိုး လုပ်ကိုင်သွားမည်ဟု ကိုဇာဂနာမှ ကတိပြု ပြောကြားလိုက်သည်။ ဦးမြင့်သိန်း နှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့ ကျန်းမာရေး အခြေအနေမှာ ဆိုးရွားလျှက် ရှိကြောင်းသိရသည်။ ကိုဇာဂနာကို စက်တင်ဘာ(၂၅) ရက်နေ့ညတွင် အဖမ်းခံခဲ့ရပြီး၊ ကိုကျော်သူတို့ဇနီးမောင်နှံကို အောက်တိုဘာ (၁၁) ရက်နေ့တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မူကြောင့် ကိုဇာဂနာကို ၁၉၈၈ ခုနှစ် တွင်တစ်ကြိမ်၊ ၁၉၉၀ခု နှစ်တွင်တစ်ကြိမ် အဖမ်းခံခဲ့ရသေးသည်။

No comments: