09 October, 2007

Are those News about a Possible Coup were Correct?

စစ်တပ်တွင်းမှာ တင်းမာမူတွေတကယ်ပဲဖြစ်ခဲ့သလား!

လူထုလူပ်ရှားမူ အရှိန်မြင့်တက်နေတဲ့အချိန်၊ စစ်တပ်က အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီးနေတဲ့အချိန်မှာ၊ အကြမ်း ဖက်မူကို ကျူးလွန်တဲ့သူတွေနဲ့ အကြမ်းဖက်မူကိုမလိုလားတဲ့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေအတွင်းမှာ သဘောထားတွေ ကွဲပြီး တင်းမာမူတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ တိုင်းမူး(၇) ယောက် ကအကြမ်းဖက်မူကိုမလိုလားဘူး၊ ဗိုလ်ချုပ်မောင်အေးက အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ တော့မယ်ဆိုတဲ့ သတင်းတွေကို အမေရိကန် အခြေ စိုက် The First Post ဆိုတဲ့စာစောင်နဲ့၊ ထိုင်းနိုင်ငံ အခြေစိုက် Irrawaddy Magazine အွန်လိုင်းတွေကနေ ရေးသားခဲ့ပါတယ်။ အတိအကျပြောရရင်အဲဒီ သတင်း ဌာနနှစ်ခုစလုံးက စက်တင်ဘာ (၂၈) ရက်နေ့ည (၂) နာရီခန့်မှာ ရှေ့ဆင့်နောက်ဆင့် မိနစ်ပိုင်း ပဲခြားပြီး အဲဒီ သတင်းကို ပေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ ချထားတဲ့စစ်တပ်က ဗိုလ်ချုပ်မောင်အေး စစ်တပ်ဖြစ်နေပြီ၊ ရန်ကုန်မြို့တွင်းမှာ ထူးခြားတဲ့ စစ်တပ်လူပ်ရှားမူတွေရှိနေတယ် စတဲ့သတင်းတွေကို ပါပေးခဲ့ တာဖြစ်ပါတယ်။

အဲဒီညက တီဗွီနဲ့အင်တာနက် သတင်းဌာနတွေကို တစ်ညလုံးထိုင်ကြည့်နေရင်းနဲ့ ဟာတကယ် ပဲလားဆိုပြီး ကျနော် တော်တော်ဝမ်းသာသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်နေ့မှာ …နောက်ရက်တွေမှာ ဘာမှ မထူးခြားပဲ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို ကြပ်ပြေးမှာ သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေး တွဲရက် တွေ့လိုက်ရပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့သတင်းတွေကို ခြုံငုံ သုံးသပ်ကြည့်ပြီး တပ်တွင်းထိပ်ပိုင်း ခေါင်းဆောင်တွေ အတွင်း တင်းမာမူတွေရှိနေတယ်ဆိုတဲ့ သတင်းဟာ ရာခိုင်နူန်း တော်တော်များများ မှန်ကန်နိုင်တယ်ဆိုတာ ယုံကြည်မိပေမဲ့၊ တဖက်ကလည်း စစ်တပ်က တမင်ပဲ သတင်းတွေ လွှင့်တာလား ဆိုတာစဉ်းစားနေမိပါတယ်။ လွန်ခဲ့တဲ့သုံးရက်လောက်ကလည်း ရန်ကုန်တိုင်းမူး ဗိုလ်ချုပ်လှဌေးဝင်းကို ရာထူးကဖယ်ရှားပြီး မိသားစုတစ်စု လုံးကို အကျယ်ချုပ်ထိမ်းသိမ်းထားတယ်၊ ပိုင်ဆိုင်သမျှကို သိမ်းဆည်းလိုက်တယ် ဆိုတဲ့ သတင်းတွေ ထပ်ကြား လိုက်ရပါတယ်။

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအတွင်း ဖြစ်ပွားခဲ့တင်းမာမူသတင်းတွေဟာ ဘယ်အတိုင်းအတာအထိ မှန်မ မှန်ဆိုတာကို အတိအကျမသိရသေးပေမဲ့၊ မနေ့က Irrawaddy သတင်းဌာနကတော့ အဲဒီသတင်းတွေဟာ အမှန်တကယ်ပဲ ဖြစ်တယ်ဆိုတာ ကို ပိုမိုအသေးစိတ်တဲ့ အချက်အလက်တွေနဲ့ ထပ်မံပြောဆိုလိုက်ပါတယ်။ အပြည့်အစုံဖတ်ရူနိုင်ရန် အောက်မှာ လင့်ပေးလိုက် ပါတယ်။

Foreign Friends: The rumors about tension among top junta leaders and a possible coup by Gen. Mg Aye, the second man of the junta, was again approved by offering more details by the Thailand-based Irrawaddy magazine yesterday. If you want to know the details please visit to the following link.

Click the link here: http://www.irrawaddy.org/article.php?art_id=8939

Nyein Chan Aung

9 October, 2007

No comments: