25 October, 2007

Today's Hot News - Suu Kyi met Aung Kyi



ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာအမိန့်အာဏာမှမရှိတဲ့ အောင်ကြည် ဒီကနေ့ညနေတွေ့ဆုံ

စစ်အစိုးရတီဗွီ (အင်္ဂလိပ်၊ မြန်မာ) အစီအစဉ်များ ကနေဒီကနေ့ည မြန်မာစံတော်ချိန် ည(၈) နာရီခန့်မှာ နောက်ဆုံးသတင်း (breaking news) ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ရေး ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ကြည် ဒီကနေ့ညနေမှာ တွေ့ဆုံကြတယ် ဆိုပြီး ဓါတ်ပုံများနှင့် တကွ ဖော်ပြလာပါတယ်။ ယခင်ကဆိုရင် မြန်မာသတင်းတွေကို MRTV ကနေအရင် ကြေငြာပြီးမှ၊ အင်္ဂလိပ်လို ကြေငြာတဲ့ MRTV-3 ကနေ တရက်လောက် နောက်ကျပြီးမှ ကြေငြာပါတယ်။ ဒါပေမဲ့ အခုသတင်းကိုတော့ တပြိုင်တည်း ကြေငြာခဲ့တာ ဖြစ်ပါတယ်။


ဒီကနေ့ စင်ကာပူမှာ အခြေစိုက်တဲ့ အဲယားပုဂံ ကနေပြီးတော့လည်း ကြေငြာချက် တစ်စောင် ထွက်ပါတယ်။ ဗိုလ်သန်းရွှေရဲ့ သားသမက် တေဇပိုင်တဲ့ အဲယားပုဂံရဲ့ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွေကို ရပ်နားတော့မယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ ကတော့ တေဇပိုင် အဲပုဂံကို သပိတ်မှောက်နေကြလို့ စီးမဲ့သူမရှိလို့ ဒီလို ရပ်လိုက်ရတာပါလို့ ပြောပါတယ်။ ဒီအချိန်မှာပဲ ပြည်တွင်းမှာရှိတဲ့ ၀န်ထမ်းတွေအနေနဲ့ ပြည်တွင်း ခရီးစဉ်တွေမှာ အဲပုဂံကိုပဲ စီးရမယ်လို့ အမိန့်ထုတ်ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။


သေချာတာကတော့ မကြာခင်ရက်တွေအတွင်းက အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတေးလျနဲ့ တချို့နိုင်ငံတွေက မြန်မာစစ်အစိုးရ အပေါ်မှာ ပိတ်ဆို့ အရေးယူမူတွေလုပ်ခဲ့တာဟာ ထိရောက် မူရှိတယ်ဆိုတာပါပဲ။


ဒါပေမဲ့ သန်းရွှေကတော့ ယခင်ကအတိုင်း ကမ္ဘာကြီးကို ဆက်လက် လိမ်လည် နေဦးမယ် ဆိုတာ မြေကြီး လက်ခတ်မလွဲပါပဲ။


Aung San Suu Kyi met today with Aung Kyi


Military government’s mouse piece MRTV and MRTV-3 tonight announced that Daw Aung San Suu Kyi and Aung Kyi met this evening. They also provided some photos of their meeting. Meanwhile, Singapore-based Air-bagan owned by Te Za, son-in-law of Than Shwe, today announced that flights between S’pore and Rangoon would soon be ceased. Burmese in S’pore said this is because people have boycotted this airline. Sources from Rangoon said today civil servants were ordered to only use air-bagan flight for trips in the country. The certain fact is that those latest sanctions of US, EU, Australia and some business companies have been successful.

However, Than Shwe will continue to try to lie the world, for sure.

No comments: