30 October, 2007

The culprit who arrested Ko Htay Kywe and 88 students

“ကိုဌေးကြွယ်တို့အားဖမ်းဆီးခဲ့သော လူထုရန်သူဘယ်သူလဲ”


ပဲခူးတိုင်း အင်းတကော်ရှိ ကိုအောင်ကြီး၏ ရာဘာခြံထဲတွင် ကိုဌေးကြွယ်နှင့် အဖွဲ့ကို ဖမ်းဆီးခဲ့သော အဓိက ခေါင်း ဆောင်မှာ ပဲခူးတိုင်းအရံ ရဲအုပ် လှမိုးအောင် နှင့် နောက်ပါရဲအဖွဲ့ ဖြစ်သည်ဟုဆိုသည်။ ကိုဌေးကြွယ်၊ ကိုအောင်သူ၊ မမီးမီးနှင့် ကိုကို တို့အား အောက်တိုဘာလ (၁၃) ရက်နေ့တွင် အဖမ်းခံခဲ့ရ ခြင်းဖြစ်သည်။ ရာဘာ ခြံပိုင်ရှင် ကိုအောင်ကြီးနှင့် ရာဘာခြံ အလုပ်သမားများ ကိုလည်းဖမ်းဆီးခဲ့သည်။ လှမိုးအောင်သည် ယခု အခါ တွင် အစောင့်အရှောက်မရှိသော ရာဘာခြံရှိ ပစ္စည်းများကို ခိုးယူရောင်းချလျှက် ရှိသည်ဟု ခြံနီးခြင်း များမှပြော ကြားသည်။ ကိုဌေးကြွယ်နှင့် အဖွဲ့ကို ဖမ်းယူပေးနိုင်ခဲ့သည့်အတွက် ရဲချုပ်ခင်ရီမှ လှမိုးအောင်အား ကျပ် (၂၅) သိန်းဆုချခဲ့သည်ဟု ဆိုပါသည်။

No comments: