08 October, 2007

ဗိုလ်သန်းရွှေ၏အကြပ်အတည်းနှင့် ကျွနင်္ုပ်တို့၏အောင်ပွဲ ဆီသို့........

(နိဒါန်း။ စစ်တပ်နဲ့ စစ်အစိုးရလို့ပြောကြတဲ့ အခါမှာ အဲဒီယန္တရားကိုလည်ပတ်နေစေတဲ့ အဓိက ခေါင်းဆောင် တစ်ဦးချင်းစီကို ပြန်ကြည့်ကြဖို့ လိုပါတယ်။ ဗိုလ်သန်းရွှေဟာ ဒီကနေ့စစ်တပ်နဲ့ စစ်အစိုးရမှာအရေးအပါဆုံး၊ ပါဝါအရှိဆုံးလူတစ်ယောက်အဖြစ် ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။ ဒီအတွက် ဗိုလ်သန်းရွှေရဲ့ သဘောထားဟာ စစ်အစိုးရယန္တယား လည်ပတ်ဖို့အတွက် အဓိက အကျဆုံး ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။)


ဗိုလ်သန်းရွှေ၏ သဘောထားအမှန်


ဗိုလ်သန်းရွှဟာ မူ (၂) ခုနဲ့ တိုင်းပြည်ကိုဆင်းရဲတွင်းထဲဆွဲခေါ်သွားခဲ့တာပါ။ အဲဒီမူတွေက

၁။ မိမိဦးဆောင်သော စစ်တပ်ထိပ်သီးများမှ အာဏာကိုဆက်လက်ချုပ်ကိုင်ပြီး၊ စစ်အစိုးရအနေဖြင့် တိုင်းပြည် ကိုစိတ်တိုင်းကျ ချယ်လှယ်ရန်၊

၂။ အကယ်၍ အခြေအနေမကောင်းလျှင် ၄င်းတို့စိတ်ကြိုက်စီမံထားသော လမ်းပြမြေပုံအတိုင်း လမ်းကြောင်း ပြောင်း၍ ဆက်သွားရန်၊

စတာတွေပဲဖြစ်ပါတယ်။


ဗိုလ်သန်းရွှေအနေနဲ့ နံပါတ် (၁) လမ်းကြောင်းကို ပိုပြီးကြိုက်ပါတယ်။ ၄င်းအနေနဲ့ အကြွင်းမဲ့အာဏာ ရထားလို့ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှ ပေါ်လာတဲ့ နံပါတ် (၂) လမ်းကြောင်းကလည်း ဟန်ပြသာဖြစ်ပြီး၊ နံပါတ်တစ်နဲ့ အဆင်မပြေမှ ထုတ်ယူသုံးစွဲဖို့သာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်ကစတင်ခဲ့ပြီး၊ (၁၄) နှစ်ကြာခဲ့တဲ့ အမျိုးသားညီ လာခံကို မကြာသေးခင်ကပြီးခဲ့ပေမဲ့၊ ကျန်ရှိနေသေးတဲ့ အဆင့် (၆) ဆင့်ကို ဘယ်တော့ အကောင်အထည် ဖော်မှာလဲဆိုတာကတော့ တပ်ချုပ်ကြီးဗိုလ်သန်းရွှေမှလွဲပြီး ဘယ်သူမှ သိမှာမဟုတ်ပါဘူး။ ဗိုလ်သန်းရွှေ ကိုယ်တိုင်လည်း သိပုံမရပါဘူး၊ အခြေအနေကိုကြည့်ပြီး မီးစင်ကြည့်ကနေပုံရပါတယ်။ ကျနော်ပြောခဲ့သလို လက်ရှိပုံစံ စစ်အစိုးရအဖြစ်နဲ့ပဲ ဆက်သွားလို့ ရနေသေးရင် ဆက်သွားချင်ပါတယ်။ ဒီအခြေအနေ အတိုင်းက တိုင်းပြည်ရဲ့မြေထု၊ လေထု၊ ရေထု အားလုံးကိုပိုင်ဆိုင်ခွင့်ရနေတာကိုး။ သူ့နောက်ကွယ်မှာ လောဘမသတ် နိုင်သေးတဲ့ ရူမညီးတဲ့ ချစ်ဇနီးချော ဒေါ်ကြိုင်ကြိုင်၊ သားသမီးမြေးမြစ်တွေ၊ ချစ်သမက်ကလေး ကိုတေဇတို့ရှိနေ တယ်။ ကိုတေဇရဲ့ မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေကလည်း လူအသေဖြေယူနေသလိုပဲ။ ဒီအခွင့်အရေးတွေ ဟာ အခုလက်ရှိ စစ်အစိုးရရဲ့လက်အောက်မှာမို့ ရရှိနေတာဖြစ်ပြီး၊ အတောမသတ်နိုင်တဲ့ လောဘရမက်တွေနဲ့ နောက်ကွယ်က မိသားစုဝင်တွေက ဘုရားသားတော် ဘုန်းကြီးတွေကို အတုန်းအရုန်း သတ်ဖြတ်စေခဲ့အောင် ဗိုလ်သန်းရွှကို တွန်းပို့ခဲ့တာလား… ဗိုလ်သန်းရွှေကိုယ်တိုင်ဖြေမှ ဒီအဖြေက ပြည့်စုံမှာပါ။


ဂမ်ဘာရီကို ဗိုလ်သန်းရွှေ ဘာတွေပြောလိုက်သလဲ


အဲဒီမေးခွန်းကိုတော့ လက်ရှိအခြေအနေတွေကိုခြုံငုံပြီး ကျနော်က အောက်ပါအတိုင်းဖြေချင်ပါတယ်။

၁။ ကုလသမဂ္ဂကိုယ်စားလှယ်ကြီးလာနေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာအေးချမ်းနေပါပြီ၊ ပုံမှန်အတိုင်းပြန်ရှိနေပါ ပြီ၊

၂။ လွန်ခဲ့တဲ့ရက်တွေကဖြစ်ပျက်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာ အနောက်နိုင်ငံတချို့နဲ့လူတစ်စုရဲ့ သွေးထိုး မြှောက်ပင့်မူ ကြောင့်သာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး၊ ဆူပူလိုတဲ့ လူအနည်းစုလေးကသာ တိုင်းပြည်မတည် မငြိမ်ဖြစ်အောင်လုပ်ခဲ့ တာ ဖြစ်ပါတယ်။

၃။ ကျနော်တို့အစိုးရနဲ့ လမ်းပြမြေပုံကို ထောက်ခံတဲ့ အပစ်ရပ်အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အများကြီးရှိပါ တယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ကြီးကြည့်သွားပါ။ အဲဒီပြည်သူအများစုကြီးက လမ်းပြမြေပုံ အတိုင်းသာ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဆက်သွား စေလိုကြပါတယ်။

၎။ တိုင်းရင်းသား ပြည်သူအများစုရဲ့ဆန္ဒအတိုင်း ကျနော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ လမ်းပြ မြေပုံအတိုင်း ဆက်လက်အကောင်အထည် ဖော်သွားပါမယ်။ ကုလသမဂ္ဂအဖွဲ့ကြီး အနေနဲ့လည်း ကျနော်တို့ကို ဆက်လက် ထောက်ခံမယ်လို့ မျှော်လင့်ပါတယ်။


စတဲ့အချက်တွေဖြစ်တယ်လို့ ကျနော်သုံးသပ်ချင်ပါတယ်။ ဒါပေမဲ့ဂမ်ဘာရီက ဗိုလ်သန်းရွှေရဲ့ အပ်ကြောင်းထပ် စကားလုံးတွေကို လက်ခံခဲ့ပုံမရပဲ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက မြန်မာ စစ်အစိုးရကို ဘယ်လို သဘောထားနေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပုံရပါတယ်။ ပြီးတော့ အရေးအကြီးဆုံးအနေနဲ့ စစ်အစိုးရ ဟာဒေါ်အောင်ဆန်းစုကြည်နဲ့အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ကိုယ်စား ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပုံရပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အချက် (၄)ချက်ကို လိုက်နာမယ်ဆိုရင် တွေ့ဆုံပါမယ်လို့ ဂမ်ဘာရီကို ဗိုလ်သန်းရွှေက မဖြစ်မနေ ကတိပေးခဲ့ရပုံ ရပါတယ်။ ဘာတွေ ဆက်ဖြစ်လာမယ် ဆိုတာ ဗိုလ်သန်းရွှေ အနေနဲ့ ကြိုတင်မမြင်နိုင်တာမို့ စိုးရွှံ့ကြောက်စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ကတိလို့ သုံးသပ် လို့ရပါတယ်။


ဒါပေမဲ့ ဗိုလ်သန်းရွှရဲ့ စိတ်ရင်းအမှန်ကတော့ အထက်မှာ ပြောခဲ့သလို နံပါတ် (၁) လမ်းကြောင်း အခြေအနေ မကောင်းရင်၊ နံပါတ် (၂) လမ်းကြောင်းနဲ့ပဲဆက်သွားဖို့ စိတ်ထားအခိုင်အမာရှိပါတယ်။ ယခုရက်ပိုင်းတွေမှာ စစ်အစိုးရက လူထုထောက်ခံပွဲတွေကို တိုးချဲ့လုပ်ဆောင်နေတယ်။ လူထု ထောက်ခံပွဲကျင်းပပုံတွေကို သူတို့ တီဗွီတွေမှာ မကြာခဏပြသနေတယ်။ ရန်ကုန်ကဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ဘုန်းကြီးတွေကို ယုတ်မာအောက် တန်းကျတဲ့ ရိုးစွပ်မူတွေနဲ့ တီဗွီကနေစော်ကားတယ်။ အန်အယ်ဒီနဲ့ ၈၈-မျိုးဆက်ကျောင်းသားတွေကို ပုတ်ခတ် တိုက်ခိုက်တယ်။ ခေါင်းဆောင်တွေ၊ ခေါင်းဆောင်နိုင်သူလို့ ယူဆသူတွေကို တိုးချဲ့ဖမ်းဆီးတာတွေ လုပ်နေ တယ်။ လက်ရှိတိုက်ပွဲတွေ အတွင်းမှာ အန်အယ်ဒီက အဖမ်းခံရသူ အဖွဲ့ဝင် (၂၁၀) ကျော်သွားပြီဖြစ်ပါတယ်။


ဒီအခြေအနေတွေကို ခြုံကြည့်မယ်ဆိုရင်ဗိုလ်သန်းရွှေရဲ့ သဘောထားအမှန်ကို တွေ့နိုင်မှာဖြစ်ပါတယ်။ ပြည် တွင်း၊ ပြည်ပ ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပါမယ်လို့ ကမန်းကတမ်း ယောင်ပြီး ထအော် လိုက်တာသာဖြစ်ပါတယ်။ စိတ်ရင်းမှန်မဟုတ်တာက အသိသာကြီးပါ။


ကျွံပြီးစကားပြန်နူတ်ဖို့ခက်တယ်


မည်သို့ဆိုစေ၊ ကျွံပြီးစကားပြန်နူတ်ဖို့ရန်ခက်ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအစိုးရများ၊ ဆေဘယ် ဆိုဆိုက်တီများ၊ မီဒီယာများ ကမြန်မာပြည်ကို မျက်စိဒေါက်ထောက်ကြည့်နေပါတယ်။ ကမ္ဘာမှာ လူရိုသေ ရှင်ရိုသေရှိတဲ့ သတင်းစာကြီးတွေကနေ ဒီကနေ့အထိမြန်မာပြည်အရေးကို ခေါင်းကြီး ပိုင်းကနေ ရေးသား နေဆဲဖြစ်ပါတယ်။ စစ်အစိုးရရဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မူများ၊ နိုင်ငံတကာအစိုးရများအနေနဲ့ လုပ်သင့်လုပ်ထိုက်သော အကြံပြုချက်များကို ရေးသားအကြံပြု နေကြပါတယ်။ မနေ့က အမေရိကန်ပြည် ထောင်စုမှာ အခြေစိုက်တဲ့ ၀ါရှင်တန်ပို့စ်သတင်းစာကြီးကနေ မြန်မာစစ်အစိုးရကို အမေရိကန်အနေနဲ့ အကန့် အသတ်ရှိတဲ့ စစ်ရေးအရ အရေးယူမူ လုပ်သင့် တယ်လို့အကြံပြုခဲ့ပါတယ်။ အီရတ်အရေးအခင်းတုံးကဆိုရင် ၀ါရှင်တန်ပို့စ်သတင်းစာကြီးက အမေရိ ကန်အစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ၀ါရှင်တန်ပို့စ်သတင်း စာကြီးကနေ အမေရိကန်အစိုးရကို စစ်ရေးအရအရေးယူဖို့ အကြံပေးနေပါပြီ။

မနေ့ကလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဗိုလ်သန်းရွှေတောင်းဆိုထားတဲ့ တွေ့ဆုံဆွေးနွေးမူ ဆိုင်ရာ ကွန်ဒီရှင် (၄) ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာပြည်အရေးမှာ အိမ်နီးချင်း တရုတ် အစိုးရရဲ့ သဘောထားကအရေးကြီးသလို၊ အာဆီယံအဖွဲ့ရဲ့ သဘောထားကလည်း အရေးကြီးပါတယ်။ အနည်း ဆုံး အာဆီယံနိုင်ငံများကထောက်ခံရင် ကုလသမဂ္ဂအနေနဲ့ ကိုင်တွယ် ရတာပိုကောင်းပါတယ်။


လိမ်ညာလှည့်ဖျားချင်လို့ပဲဖြစ်စေ၊ မည်သည့်သဘောနှင့်ပြောသည်ဖြစ်ပါစေ၊ ဗိုလ်သန်းရွှေ စကား ကျွံသွားတဲ့ အတိုင်း ဆက်လက်အကောင်အထည် ဖော်မဖော်ဆိုတာကို အားလုံးကသတိနဲ့ ၀ိုင်းကြည့် နေကြပါတယ်။ အကောင်အထည်မဖော်ပဲနေရင် ဖိအားတွေတိုးမြှင့်ပြီး ပေးလာမှာပါ။ ဒီတစ်ကြိမ်မှာ တော့ အရင်တုံးကလို ရူးချင်ယောင်ဆောင်ဖို့တော့ မလွယ်ပါဘူး။



အကြံပြုချက်


ရက်စက်ပြင်းထန်တဲ့ ဖမ်းဆီးရိုက်နှက်မူတွေ၊ သတ်ဖြတ်မူတွေနဲ့အတူ ပြည်တွင်းလူပ်ရှားမူတွေ ယာယီအားဖြင့် ရပ်တန့် သလိုဖြစ် သွားခဲ့ရပါတယ်။ စစ်အစိုးရဟာ နည်းနာမျိုးစုံ၊ အောက်လမ်းနည်းမျိုးစုံသုံးပြီး ဆန္ဒပြပွဲတွေ ထပ်မံမပေါ်ပေါက် လာအောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ ဘက်ပေါင်းစုံမှာအကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေရ တာဖြစ်ပြီး၊ တည်ငြိမ်အောင် ထိမ်းသိမ်းနိုင်စွမ်း မရှိတော့ပါဘူး။ ဥပမာ တစ်ခုပေးရရင် မြန်မာနိုင်ငံမှာ အကျိုး အမြတ်မည်မျှရသည်ဖြစ်စေ နိုင်ငံရေးတည်ငြိမ်မူမရှိရင် ရင်းနှီး မြူပ်နှံမှူလုပ်မဲ့သူတွေ စဉ်းစားရတော့မှာ ဖြစ်ပါ တယ်။


နိုင်ငံတကာအသိုင်းအ၀ိုင်းက စာနာမူတွေ၊ ထောက်ခံမူတွေ အရှိန်လျှော့မသွားအောင် လုပ်ဆောင် ကြဖို့ အရေး ကြီးပါတယ်။ တိုက်ပွဲတွေကိုအကြာကြီးရပ်ထားလို့မရပါ။


မျိုးချစ်ပြည်ချစ် မြန်မာပြည်သားတွေအနေနဲ့ တပြည်လုံးအတိုင်းအတာဆောင်တဲ့ လူထုလူပ်ရှားမူတွေ ပေါ် ပေါက်လာအောင် ပြင်ဆင်မူတွေပြုလုပ်နေရမှာဖြစ်ပြီး၊ နည်းနာမျိုးစုံသုံးပြီး စစ်အစိုးရ ယန္တရားတွေ ကိုအ နှောက်အယှက်ပေးနေရပါမယ်။ စစ်အစိုးရကိုပြည်သူလူထုက လုံးဝကိုမလိုလားဘူးဆိုတာ နည်းမျိုးစုံနဲ့ပြသ ရပါမယ်။ လူထုလူပ်ရှားမူကောက်မတီကြီးအနေနဲ့လည်း လူထုအားလုံးပါဝင်နိုင်တဲ့ ကမ်ပိန်းတွေ ပြည်တွင်းမှာ ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။


နိုင်ငံတကာရောက် မြန်မာများအနေနဲ့လည်း ဆန္ဒပြပွဲတွေ၊ ဆုတောင်းပွဲတွေကို အရှိန်အဟုန်နဲ့ ဆက်လက်လုပ် ဆောင်သွားကြမယ်ဆိုရင် စစ်အစိုးရအနေနဲ့ အာဏာကိုရေရှည် ဆုပ်ကိုင်မထား နိုင်ဘူး ဆိုတာ အသေအချာ ပါပဲ။


ငြိမ်းချမ်းအောင်

၈ ရက်၊ အောက်တိုဘာ၊ ၂၀၀၇။

No comments: