23 October, 2007

Today's Hot News - A Quick Looks on Burma

သတင်းတိုများမှ ပြောပြသော မြန်မာပြည်အကြောင်း


- တရားဝင် ကြေငြာခြင်း မရှိသော်လည်း ဆွစ်ဇာလန်နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံတို့သည် မြန်မာပြည်မှ ပို့ကုန်များကိုငြင်းဆိုလိုက်သည်။ ဆွစ်ဇာလန်နိုင်ငံသည် မြန်မာပြည်ကလာသော ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်များကို မြန်မာပြည်သို့ ပြန်ပို့လိုက်ပြီး၊ တောင်အာဖရိက နိုင်ငံသည်လည်း မြန်မာပြည်မှာ လုပ်သော အ၀တ် အထည် ပစ္စည်းများကို ပြန်ပို့လိုက်သည်။

- မြန်မာပြည်တွင် တွေ့ဆုံဆွေးနွေးရေးမှလွဲ၍ တခြားနည်း မရှိကြောင်းဂမ်ဘာရီ ပြောကြားလိုက်သည်။ နယူးဒေလီ မြို့တွင်အိန္ဒိယခေါင်းဆောင်များနှင့်တွေ့အပြီးတွင် ဤကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် အိန္ဒိယ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ကျေနပ်မူရကြောင်း ဂမ်ဘာရီသည် နယူးဒေလီမှ နေ၍ ထုတ်ဖော် ပြောဆိုသည်။

- ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တွင် ပြည်သူ နှစ်ရာကျော် ပါဝင်သော လမ်းလျှောက်ဆန္ဒပြပွဲ ဒီကနေ့ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများမှ ကြွေးကြော်သံများအော်ဟစ်ခဲ့ပြီး (၁) အဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်း သားများ ပြန်လွှတ်ပေးရန်၊ (၂) အကြမ်းဖက်မူများအားရပ်တန့်ရန်၊ (၃) သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် တောင်း ဆိုသည်။

- ခရမ်းမြို့ရှိ အင်္ဂတေဖြင့် လုပ်ထားသော ဘုရားကြီးတစ်ဆူ ခန္ဒာကိုယ်ထည် အထက်ပိုင်း နေ့စဉ် လူပ်နေသည်ဟု ဒေသခံများက ပြောကြားသည်။ စက်တင်ဘာ လကုန်ပိုင်းအတွင်း ရဟန်းသံဃာများအား အကြမ်းဖက် ဖြိုခွင်းစဉ် မှစ၍ ဤသို့ဖြစ်ခဲ့ခြင်းဖြစ်၍၊ ခရမ်းသုံးခွ မှလူများ နေ့စဉ် သွားရာက် ကြည့်ရူနေကြသည်။ အထက်မှ ဒေသခံ အာဏာပိုင်များကို နေ့စဉ်သွားရောက် ကြည့်ရူစေ၍ အစီရင်ခံ ခိုင်းနေကြောင်း သိရသည်။ ဒေသခံများမှ မင်းပြောင်းမင်းလွဲ ဖြစ်မည့် နမိတ်ဟု ပြောဆိုနေကြသည်။ လူကြီးသူမများကလည်း တိုင်းပြည်တွင် ထူးခြားမူ ဖြစ်တော့မည်ဟု ပြောဆိုနေကြသည်။

- ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ပီညဲရိုး နိုဝင်ဘာလဆန်းတွင် မြန်မာပြည် ကိုပြန်သွားမည်။ နိုင်ငံခြားရေးဝန်ကြီး ညာဏ်ဝင်းမှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမူး ဘမ်ကီမွန်းထံသို့ စာရေး အကြောင်း ကြားလိုက်ခြင်းဖြစ်သည်။ ကမ်းလှမ်း လိုက်ကြောင်း သိရသည်။ ညာဏ်ဝင်းမှ နိုဝင်ဘာ (၁၇) ရက်နေ့ အာဆီယံ အစည်းအဝေး မတိုင်ခင် လာရာက်ရန်လည်း တောင်းဆိုထားသည်။

No comments: