18 October, 2007

Hot News

သုရဲကောင်းများကို လေးစားပါသည်.…ဂုဏ်ပြုပါသည်…


ပဲခူးတိုင်း အနောက်ဖက်ခြမ်း ပြည်ခရိုင် ပေါင်းတည် မြို့နယ်မြို့အုတ်ဖို (၁)၊ (၃၇) လမ်းတွင်နေထိုင်သူ မူလတန်း ကျောင်းဆရာ၊ ဆရာမဟောင်း လင်မယား နှစ်ယောက်ဖြစ်သော ဦးမောင်မောင်ဦး၊ ဒေါ်နီနီ တို့အား လူသတ်သော စစ်အစိုးရမှ ဖမ်းဆီးခဲ့ပြီး၊ အစိုးရကို အကြည်ညို ပျက်အောင် ဟူသောပုဒ်မ (၁၅၃၊ ၅၀၅) ဆိုတာများနှင့် တရားစွဲ ထားသည်။ ဖြစ်ပွားပုံမှာ ပေါင်းတည်မြို့တွင် လူသတ်သော စစ်အစိုးရမှ ညီလာခံ ထောက်ခံပွဲကို ဘောလုံး ကွင်းတွင် လုပ်ခဲ့၍၊ ပွဲအပြီးတွင် ကြံ့ဖွတ်များမှ ၄င်းတို့အိမ်ရှေ့မှ ဖြတ်၍ ပြန်ရာ တွင် ဆိုင်းဘုတ်များ ကိုင် ဆောင်၍ ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ရာ၊ ဆရာလင်မယားမှ “ရက်စက် ယုတ်မာတဲ့ အစိုးရအလိုမရှိ” “အစိုးရကသံဃာတွေကို သတ်တာ မကောင်းဘူး” ဟူ၍ ၄င်းတို့အိမ်ရှိ ကျောက်သင်ပုန်း တွင်ရေးသား၍အိမ်ရှေ့လူမြင်ကွင်းတွင် ပြထားခဲ့ရာ၊ ဆိုင်းဘုတ်ကို ကြည့်၍ ကြွေးကြော်နေသူများ ရပ်ဆိုင်းသွားခဲ့သည်။ ကြံ့ဖွတ် ခေါင်းဆောင်မှ ကျောက်သင်ပုန်းကို ဓါတ်ပုံရိုက် ယူသွားပြီး၊ အထက်သို့ တင်ပြခဲ့သည်။ တိုင်းမူးမှ ဆရာလင်မယားကို ဖမ်းဆီးရန် အမိန့် ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ဆရာလင်မယားကို ပေါင်းတည် ထောင်တွင် ချုပ်နှောင်ထားပြီး ရုံးထုတ်လျှက် ရှိသည်။

No comments: