22 October, 2007

Today's Hot News - Prayers' Campaign and Growing Trees on Thai-Burma border

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ထိုင်းနယ်စပ်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ





















ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းမှ မိသားစုဝင်များနှင့် မယ်တော် Children Development Center စာသင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ယနေ့ မနက် ၈း ၃၀ နာရီမှ ၁၁း၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ဂုဏ်ပြု သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားသို့ လူတစ်ထောင်ခန့် တက်ရောက်ခဲ့ပြီး၊ တက်ရောက်သူများ အားလုံးက အနီရောင် အင်္ကျီများ ၀တ်ဆင်ထားကြပြီး၊ အနီရောင် အင်္ကျီပေါ်တွင်“ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ” မေတ္တာပို့စာတမ်းအား အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ သုံးဘာသာဖြင့် ရေးသား ထားပါသည်။


အခမ်းအနားတွင် ဒေါက်တာစင်သီယာမောင်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ် (မူစလင်) ဘာသာများဖြင့် ဘာသာအလိုက် အသီးသီး မေတ္တာပို့ ဆုတောင်းကြခြင်း၊ မယ်တော်ကျေးရွာ ထိုင်းရွာသူကြီးမှ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ဆုတောင်းပေးခြင်း၊ အခမ်းအနားတွင် တက်ရောက်လာကြသူ အားလုံးမှ ဖရောင်းတိုင် မီးများ ထွန်းညှိပြီး မေတ္တာပို့ စာပိုဒ်ကို သံပြိုင်ရွတ်ဆိုကာ ဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

ယခုအပတ်ပြုလုပ်သည့် ဆုတောင်းပွဲအပါအ၀င် ဆုတောင်းပွဲများကို မယ်တော်ဆေးခန်းမှ အပတ်စဉ် ကျင်းပပြုလုပ်ခဲ့သည်မှာ လေးကြိမ်မြောက်ဖြစ်သည်ဟု သိရှိရပါသည်။

No comments: