ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ် (၁၂) ပြည့်မြောက်၊ ကမ္ဘာ့မြို့ကြီး (၁၂) မြို့ တွင်မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ဆန္ဒပြပွဲများဒီကနေ့ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းဟာ ဒီကနေ့မှာ(၁၂)နှစ် ပြည့်မြောက်ပါတယ်။ ကမ္ဘာတစ်လွှားရှိ မြန်မာ့အရေး လူပ်ရှားသူများဟာ ဒီကနေ့မှာ မြန်မာစစ်အစိုးရသံရုံးနဲ့ တရုတ်သံရုံးများရှေ့မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။ Bangkok, London, Paris, Berlin, Dublin, Vienna, Sydney, Washington, Toronto, New York, Brasilia, Cape Town စတဲ့ ကမ္ဘာ့မြို့ကြီး (၁၂) မြို့မှာ ဒီကနေ့ ဆန္ဒပြပွဲများ ကျင်းပခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment