13 October, 2007

Full Text of SPDC's Decree 3/2007 - Issue on 12 Oct, 2007

စစ်အစိုးရကြေငြာချက် (၃/၂၀၀၇) - ၁၂/၁၀/၂၀၀၇ ညပိုင်းတီဗွီတွင်ကြေငြာသည်။


အပိုဒ်(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်
အခြေအနေသည် ဒေသတွင်းနှင့် နိုင်ငံတကာတို့၏ ငြိမ်းချမ်းရေး နှင့်လုံခြုံရေးကို ထိခိုက်မှုမရှိသော်လည်း၂၀၀၇ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဌ၏ သဘောထားထုတ်ပြန်ချက်ကို ကြေငြာခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်များစွာ စိတ်မကောင်းဖြစ်ရပါသည်။

အပိုဒ်(၂) ဒေသတွင်းနိုင်ငံများ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး ကမ္ဘာ့ကုသမဂ္ဂ အဖွဲ့ချုပ်နှင့် အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်ရေးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံနိုင်ငံခြားရေးမူဝါဒပင်ဖြစ်ရာ မိမိတို့၏ မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက် အကောင်အထည် ဖေါ်သွားမည်ဖြစ်ပါသည်။

အပိုဒ်(၃) နိုင်ငံတော်အစိုးရသည် နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာ ရယူလိုက်ရသည်နောက် ပြည်သူ၏ ဆန္ဒနှင့် အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရန်အတွက် နိုင်ငံ တော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်ကိုချမှတ် အကောင်အထည် ဖေါ်လျှက်ရှိရာ အိမ်နီးချင်းနိုင်ငံ များနှင့် အာစီယံနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများက ထောက်ခံကြိုဆိုလျက်ရှိကြပါသည်။

အပိုဒ်(၄) နိုင်ငံတော် ရှေ့ဆက်သွားမည့်မူဝါဒလမ်းစဉ်(၇)ရပ်ကို အကောင်အထည်ဖေါ်လျက်ရှိရာ ပထမအဆင့် ဖြင့်သည့် အမျိုးသားညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည့်အပြင် ဖွဲ့စည်းပုံ အခြေဥပဒေ ပေါ်ပေါက် ရေးအတွက် အခြေခံမူနှင့်အသေးစိတ်အခြေခံသည့်မူများကို နိုင်ငံတ၀ှမ်း တိုင်းရင်းသားပြည်သူများက တခဲနက် ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပြသလျှက်ရှိနေပါသည်။

အပိုဒ်(၅) သို့ပါ၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ၏ သဘောထားထုတ်ပြန်ချက်သည် ပြည်သူများ၏ ဆန္ဒ ဖော်ထုတ်ပြသမှုနှင့်အည်ီသာ ဖြစ်သင့်သည်ဟုယူဆပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရသည် ပြည်သူ့ ဆန္ဒနှင့်အညီ ပြည်သူလူထုနှင့်အတူလက်တွဲကာ နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်အတိုင်း မမှိတ်မသုန် ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြအပ်ပါသည်။

No comments: