04 October, 2007

သန်းရွှေအရူးမီးဝိုင်းနေပြီ……တိုက်ပွဲအရှိန်ကိုမြှင့်တင်ကြ။

ဟုတ်ကဲ့၊ သန်းရွှေခေါင်းဆောင်တဲ့ စစ်အုပ်စု အရူးမီးဝိုင်းနေပါပြီ၊ မဲမဲမြင်သမျှကို အစွယ်တကားကားနဲ့ လိုက်လံကိုက်ခဲနေပါပြီ၊ မကြာခင်ကြုံတွေ့ရတော့မဲ့ စစ်အာဏာရှင်တွေရဲ့ နိဂုံးချုပ်နေ့ရက်တွေ မရောက်ခင် မီးကုန်ရမ်းကုန် သောင်းကျန်းနေတာဖြစ်ပါတယ်။ ဥပမာပေးရရင် ရေနံဆီမီးခွက်လို မီးဇာကုန်ဆီးမခန်းခင် နောက်ဆုံးအနေနဲ့ တချက် ”ဟုတ်ကနဲ” ထတောက်နေတာသာဖြစ်ပါတယ်။

ကြည့်ပါ၊ သူတို့ရဲ့တီဗွီတွေ၊ သတင်းစာတွေမှာ နိုင်ငံတော်ဆိုတဲ့စကားလုံးကြီးကိုသုံးပြီး အဆင့်အတန်း လုံးဝမရှိ တဲ့စာတွေ သောက်ရှက်မရှိလွှင့်ထုတ်နေတယ်။ နိုင်ငံတော်ဆိုတာသန်းရွေနဲ့ သူ့မိသားစုကို ကိုယ်စား ပြုပြီးသူတို့ပြောနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလဲ အန်အယ်ဒီက ဆန္ဒပြသူတွေကို နေ့တွက်နဲ့ ပေးပြီး ငှားရမ်းခဲ့တယ်လို့ စစ်အစိုးရတီဗွီမှာစွပ်စွဲသွားတယ်၊ သူတို့ပြောမှပဲ ဦးအောင်ရွှေတို့ အဲသလောက်ကို ကျိကျိတက် ချမ်းသာမှန်းသိရတော့တယ်။ သိန်းပေါင်းများစွာသော ဘုန်းဘုန်းတွေ၊ ပြည်သူတွေကို အန်အယ်ဒီက နေ့တွက်နဲ့ငှားနိုင်ခဲ့တာ တနည်းအားဖြင့်တော့ ဂုဏ်ယူစရာပဲ။ ပြည်တွင်းမှာ လိမ်ရတာအားမရလို့ ဉာဏ်ဝင်းက ကုလသမဂ္ဂ အထိသွားလိမ်တယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့အခွင့်အရေးသမားတွေကမြန်မာနိုင်ငံမှာဆန္ဒပြဆူပူအောင်သွေးထိုးလူံ့ဆော်ခဲ့ တယ်တဲ့။ ဘာကြောင့်များ နိုင်ငံတကာက အဲသလိုလုပ်ဆောင်ခဲ့သလဲ ဆိုတာတော့ စိတ်ဝင်စားစရာပဲ။ ဘီဘီစီ၊ ဗွီအိုအေ၊ အာဖက်အေ၊ ဒီဗွီဘီတို့ကိုလည်းမိုးလုံးပြည့်မုသာဝါ ဒတွေပြောနေတယ်လို့ စွတ်စွဲပြန်တယ်။ အမေရိကန်သမတ္တ ဂျော့ဒဗလျူဘွတ်ကိုလည်း စစ်အစိုးရတီဗွီတွေကနေ ပုတ်ခတ်စွတ်စွဲတာတွေလုပ်နေတယ်၊ သူတို့အခြေအနေကဘယ်လိုဖြစ်နေသလဲဆိုတော့ အီရတ်က သေဒဏ်ပေး အသတ်ခံခဲ့ရတဲ့၊ ဆက်ဒန်ဟူစိန် အမေရိကန်တပ်တွေ အီရတ်ကို ၀င်မတိုက်ခင် သွေးရူးသွေးတန်းနဲ့ ရိုင်ဖယ်သေနတ်ကြီးတကားကားနဲ့လုပ်နေတဲ့ပုံမျိုးဖြစ်နေတယ်။

ခွေးဇာတ်ခင်းတာတွေလည်း အခုအထိမရပ်သေးဘူး၊ မနေ့ညကအထိ ညစဉ်ရက်ဆက် ရန်ကုန်မှာရှိတဲ့ဘုန်းကြီးကျောင်းတွေကို စစ်အင်အား အလုံးအရင်းနဲ့ ၀င်ရောက်စီးနင်း၊ ဘုန်းတော်ကြီးတွေကို ဖမ်းဆီးနေတယ်၊ ဒီကနေ့မနက် (၉း၃၀) အချိန်မှာလည်း တောင်ဥကလာပမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကိုဝင် ရောက်စီးနင်းဖမ်းဆီး တာတွေလုပ်ခဲ့တယ်။

ရန်ကုန်မှာ ရှိတဲ့ ဘုန်းတော်ကြီးတွေလည်း ကုန်သလောက်ဖြစ်နေပြီလို့ ရန်ကုန်သတင်းတွေက ဆိုတယ်။ သန်းရွှေကတော့ ဗုဒ္ဓကိုစစ်ကြေငြာနေပြီ၊ ၀ါဝါမြင်တိုင်း ရန်သူအဖြစ် သတ်မှတ်ခြေမူန်းနေတော့ ရန်ကုန်က ဘုန်းတော်ကြီးတွေ နယ်တွေ ကိုပြန်ကြွဖို့လုပ်ကြတာ ကားဂိတ်တွေ၊ ဘူတာရုံတွေမှာတွေ့ကြရတယ်လို့ ရန်ကုန်မြို့ခံတွေကပြောတယ်။ ဒါပေမဲ့ ဘုန်းဘုန်းတွေကို ကားတွေ၊ ရထားတွေက မတင်ရဲဘူးတဲ့၊ လမ်းမှာ စစ်မှာစိုးလို့ဆိုပဲ၊ ဆီခွဲတမ်း အဖြတ်ခံရမှာစိုးလို့တဲ့။ ရွေဝါရောင်တော်လှန်ရေး စတင်ခဲ့တယ်လို့ပြောလို့ရတဲ့ အထက် ဗမာပြည် မကွေးတိုင်း ပခုကူမြို့မှာလည်း တချို့ ဘုန်းဘုန်းတွေ မွေးရပ်ပြန်တာကို လမ်းကနေဖြတ်ဖမ်းနေကြသတဲ့။

ဒီရက်အတွင်းမှာပဲ၊ ရန်ကုန်၊ အင်းစိန်ဂျီတီအိုင်ဝင်းအတွင်းမှာ ဖမ်းဆီးခံထားရတဲ့၊ ဘုန်းဘုန်းတွေ၊ ဖွားသီလတွေ၊ ပြည်သူတွေကို စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းတ၀ိုက်မှာ ရှိတဲ့ ”ဘ၀သစ်” လို့အမည်ပေးထားတဲ့ ရဲဘက်စခမ်းတွေဆီကို လူမျိုးတုန်းအစီအစဉ်နဲ့ ပို့လိုက်ပြီ ဆိုတဲ့ သတင်းကြားရတယ်။ အဲဒီနေရာတွေမှာ ရဲဘက်စခမ်း (၅) ခုရှိတယ်လို့သိရတယ်။

ဒေသခံပြည်သူတစ်ဦးက ဒီဗွီဘီကိုစာရေးအကြောင်းကြားရာမှာ အဲဒီစခမ်းတွေမှာ လူတစ်ရာခန့်ရှိခဲ့ရာ၊ (၈၀) ခန့်သေဆုံးသွားပြီး၊ လက်ရှိ (၂၀) ခန့်သာကျန်ရှိတော့ကြောင်း၊ ယင်းနေရာများသို့ ရောက်လာလျှင် ပြန်လမ်းမရှိနိုင်သည့်အတွက်၊ ဘုန်းဘုန်းတွေကို မပို့နိုင်အောင် ဒီဗွီဘီမှ တဆင့်ဝိုင်းဝန်းတားမြစ် ပေးကြပါရန်ပြောဆိုတယ်။ ဒီဗွီဘီက ဒေသခံအကျဉ်းစခန်းတာဝန်ရှိသူတွေကိုဖုန်းဆက်မေးတော့၊ မကြာခင် တစ်ထောင်ကျော်ရောက်လာမယ်လို့ အတည်ပြုပြောဆိုတယ်၊ အဲဒီအထဲမှာ သက်တော်ကြီး၊ ၀ါတော်ကြီး ဘုန်းတော်ကြီးတွေ၊ ဖွားသီလတွေပါမှာပဲ။

လက်မရွံ့လူသတ်သမားတွေကတော့ တိုင်းပြည်ကိုဖျက်ခဲ့တာ အားမရလို့ သာသနာကိုပါဖျက်နေကြပြီ၊ သန်းရွေဟာ ဘုရားသားတော်တွေ၊ သမီးတော်တွေကို ရန်သူအဖြစ်သတ်မှတ်ပြီး၊ အသေသတ်နေပြီ၊ အသေထွက်မထွက်ခင် ခွေးဘီလူးတစ်ကောင်လို မဲမဲမြင်ရာကိုက်ခဲနေပြီ။ သံဃာ့အာဇာနည်တွေ၊ လူပုဂိုလ်တွေ… တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြရပြီ။ တိုင်းပြည်အတွက် ပေးဆပ်သွား ခဲ့ကြရပြီ။

မည်သို့ဆိုစေ ခွေးဘီလူးတစ်ကောင်နဲ့ သူ့နောက်လိုက်ခွေးတွေရဲ့ နောက်ဆုံးနေ့ရက်တွေဟာမကြာခင် ရောက်လာတော့မည်မှာ အသေအချာပင်ဖြစ်သည်။

မိစ္ဆာကောင်တွေ ထွက်ပေါက်မဲ့နေပြီ ဖြစ်သည်၊ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်၊ အကျဉ်းထောင်တွေမှာ မတရား ဖမ်းဆီးခံထားရသူတွေ အတွက် ပြည်သူလူထုကြီး အနေနဲ့ ဆက်လက် တိုက်ပွဲဝင်ကြရမယ်။

ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာ..နယ်ပယ်ပေါင်းစုံမှာ မြန်မာပြည်သူတွေ အသာစီးရနေပြီ၊ ခေတ်ဟောင်းနည်းတွေနဲ့ပဲတွက်တွက်၊ ခေတ်သစ်နည်းတွေနဲ့ပဲတွက်တွက်၊ ကြိုက်တဲ့နည်းနဲ့တွက် ပြည်သူတွေအောင်ပွဲမုချရတော့မယ်ဆိုတာ အခိုင်အမာပြနေပြီ။ နိုင်ငံတကာပြည်သူတွေနဲ့ အကြင်နာတရားရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအားလုံးဟာလည်း ကျနော်တို့ဘက်ကနေ ရပ်တည်နေပြီ။
တိုက်ပွဲကိုအရှိန်မြှင့်ရမယ်၊ မိမိတို့ရောက်ရှိရာ နေရာတွေကနေ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ကြရမယ်။ နိုင်ငံတကာမှာ စစ်အစိုးရဆန့်ကျင့်ရေးတွေမြှင့်တင်ကြရမယ်။

သန်းရွှေနဲ့ သူ့နောက်လိုက်တွေကတော့ ရူံးပွဲနဲ့အတူ ပျက်ဆီးဆုံးရူံးကြရလိမ့်မယ်၊ သန်းရွှေရဲ့ ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် သားသမီးမြေးမြစ်တီတွတ်ကျွှတ်တွေအားလုံး မြန်မာ့သမိုင်းမှာ ဘုန်းကြီးကိုသတ်တဲ့ မကောင်းဆိုးရွားမိစ္ဆာကောင်တွေအဖြစ်မော်ကွန်းအတင်ခံရတော့မယ်။ အတိအကျပဲ။
ငြိမ်းချမ်းအောင်
၎ ရက်၊ အောက်တိုဘာ၊ ၂၀၀၇

No comments: