08 October, 2007

Quote of the Day

အလျဉ်းသင့်သလို အကြိုက်ဆုံးစကားတွေကို တင်ပြပေးသွားပါမယ်။ အခုပထမဦးဆုံးအနေနဲ့ အမေရိကန်သမတ္တ ဂျော့ဒဗလျူဘွတ်ရဲ့ မြန်မာပြည်နဲ့ပတ်သက်လို့ မှတ်ချက်စကားကို ဖော်ပြ ပေးလိုက်ပါတယ်။ အမေရိကန်သမ္မတကြီးက အယဉ်ကျေးဆုံးနဲ့ အပြင်းထန်ဆုံး သံတမန် စကားလုံးတွေနဲ့ ထိုးနှက်တိုက်ခိုက်ထားပါတယ်။ ကဲ…ဘယ်သူတွေမယဉ်ကျေးဘူးလဲ…။ မယဉ်းကျေးသေးတဲ့ အစိုးရတွေ၊ မယဉ်ကျေးသေးတဲ့ နိုင်ငံတွေကတော့ သမ္မတကြီးရဲ့ စကားလုံးတွေအောက်မှာ ရှက်စရာပါ။ အစိုးရတွေက ပြည်သူလူထုကို ကိုယ်စားပြုကြရမှာပါ။ နိုင်ငံတစ်ခုရဲ့ကံကြမ္မာ အဆိုးအကောင်း၊ ရေတို၊ ရေရှည် ဖန်တီးခွင့်ဆိုရာမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဌဟာအရေးကြီးပါတယ်။ ပြည်သူတွေက နိုင်ငံ့ရေးရာတွေမှာ ပါဝင်ပတ်သက်ခွင့်မရဘူး ဆိုရင်တော့ အဲဒီနိုင်ငံမှာ လူတစ်စုကပဲ စိတ်ကြိုက်ချယ်လှယ် နေတာပေါ့။ အစိုးရဆိုတာ ပြည်သူက ရွေးချယ်ပေးထားတဲ့ ပြည်သူ့ဝန်ထမ်းတွေသာပါ။ အခုတရုတ်အစိုးရရဲ့ မြန်မာပြည်အရေး ရပ်တည်ချက်ကို တရုတ်ပြည်သူတွေသိပါရဲ့လား၊ အစိုးရသဘောထားကို လက်ခံပါရဲ့လား။ မည်သို့ဆိုစေ တရုတ်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုထားတဲ့ ဒီကနေ့တရုတ်အစိုးရကတော့ သမိုင်းမှာ ဖျောက်ဖျက်လို့မရနိုင်တဲ့ အမဲစက်တွေကို တစ်စက်ပြီးတစ်စက် ဆေးစက်ချယ် နေတယ်လို့ပဲ ကျနော့်အမြင်ကို တင်ပြလိုက်ချင်ပါတယ်။


ငြိမ်းချမ်းအောင်

၈ ရက်၊ အောက်တိုဘာ၊ ၂၀၀၇။


"Every civilised nation has a responsibility to stand up for people suffering under a brutal military regime like the one that has ruled Burma for too long."


US President George W. Bush – comment on
Burma


"မြန်မာစစ်အာဏာရှင်တွေလို ရက်စက်ပြီး အာဏာကိုနှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားတဲ့ စစ်အာဏာရှင် အုပ်ချုပ်မူ လက်အောက်မှာ ဒုက္ခမျိုးစုံနဲ့ နေထိုင်ရတဲ့ ပြည်သူများဘက်ကနေ ရပ်တည်ပေးဖို့ ယဉ်ကျေးတဲ့ နိုင်ငံအားလုံးမှာ တာဝန်ရှိပါတယ်။"


အမေရိကန်သမတ္တ ဂျော့ဒဗလျူဘွတ် - မြန်မာပြည်နှင့်ပတ်သက်၍မှတ်ချက်

No comments: