19 October, 2007

Today's Hot News - Than Shwe approved to move forward with 7-point road map

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆန္ဒ၊ ပြည်သူ့ဆန္ဒ၊ ကမ္ဘာ့အသိုင်းအ၀ိုင်း၏ဆန္ဒနှင့်ဆန့်ကျင်၍ လမ်းပြမြေပုံအတိုင်း ဆက်သွားမည် ဖြစ်ကြောင်း သန်းရွှေ အတည်ပြုလိုက်

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးများအမြန်ဆုံး ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအ၀င် အားလုံးမှ တောင်းဆိုနေချိန်တွင် စစ်တပ်မှ လမ်းပြမြေပုံ (၇) ချက်အတိုင်းဆက်၍ သွားမည်ဟု ပြောကြားခဲ့သော ၄င်းတို့၏ အစီအစဉ်ကို အကောင်အထည်ဖော် မည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြသသည့် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာလ (၁၈) ရက်နေ့ညပိုင်း စစ်အစိုးရ တီဗွီမှ ကြေငြာသွားခဲ့သည်။ တရားသူကြီးချုပ် ဦးအောင်တိုးကို ခေါင်းဆောင် အဖြစ်ထား၍ အဖွဲ့ဝင် (၅၄)ဦး၏အမည်များကို တီဗွီမှ ကြေငြာသွားခဲ့သည်။ “အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံးက ထောက်ခံ ကြိုဆိုပွဲများ ကျင်းပ၍ အုန်းအုန်းကျွတ်ကျွတ် ထောက်ခံအားပေး နေမှုကို လေးစားသော အားဖြင့်သော်လည်းကောင်း၊ မူဝါဒလမ်းစဉ် (၇) ရပ်ကို အကောင်အထည် ဖော်သည့်အနေဖြင့်သော်လည်းကောင်း ထိုကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည်” ဟု နအဖ အတွင်း ရေးမှူး(၁) ဒု-ဗိုလ်ချုပ်ကြီး သိန်းစိန် အမိန့်ဖြင့် ထုတ်ပြန်သည့် ယင်းကြေငြာချက်တွင် ပါရှိ သည်။

ကော်မရှင်၌ တရားသူကြီးချုပ် ဦးအောင်တိုးက ဥက္ကဋ္ဌ၊ ရှေ့နေချုပ် ဦးအေးမောင်က ဒု-ဥက္ကဋ္ဌ၊ မန္တလေး ဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာ သောင်းမြင့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်နှင့် အငြိမ်းစား ပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာစိုးရင်၊ ဒေါက်တာ သာလှရွှေ၊ ဒေါက်တာခင်ဇော် စသူတို့ပါဝင်သည်။

No comments: