22 October, 2007

Today's Hot News - Two Youth Alliances' Joint Meeting Declares SPDC's Road Map as a Dead

ထိုင်းမြန်မာနယ်စပ်ရှိ လူငယ်တပ်ပေါင်းစုနှစ်ခု အစည်းအဝေးမှ စစ်အစိုးရ၏ လမ်းပြမြေပုံကို သေဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြား

ထိုင်း-မြန်မာနယ်စပ်တွင် (၂) ရက်ကြာကျင်းပ ပြုလုပ်သော လူငယ်တပ်ပေါင်းစု နှစ်ခု၏ အစည်း အဝေး မနေ့ညနေက ပြီးဆုံးသွားကြောင်း သိရသည်။ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များကွန်ဂရက် Students and Youth Congress of Burma နှင့် တိုင်းရင်းသား လူငယ်များဆုံရပ် Nationalities Youth Forum လူငယ်တပ်ပေါင်းစု များမှ ကိုယ်စားလှယ် (၂၀) ကျော်ခန့် တက်ရောက်သော အစည်းအဝေးမှ နိုင်ငံရေး လမ်းညွှန်ချက်များ၊ ရှေ့လုပ်ငန်း စဉ်များ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတို့ကို အဓိကဆွေးနွေး၍ ကိုယ်စားလှယ် (၈) ဦးပါသော ဦးဆောင်ကော်မတီ တစ်ရခုကို ဖွဲ့စည်းခဲ့ကြောင်း ကြားသိရသည်။ အစည်းအဝေးမှ..

(က) စစ်အစိုးရ၏ လမ်းပြမြေပုံကို အသက်မရှိတော့ကြောင်း ဆုံးဖြတ်သည်၊

(ခ) စစ်အစိုးရမှ ဖွဲ့စည်းလိုက်သော အဖွဲ့ဝင် (၅၄) ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းလိုက်ခြင်းမှာ စစ်အစိုးရမှ ချမှတ်ခဲ့သော အမိန့်အမှတ် (၁/၉၀) ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။ ၄င်းတို့ ချထားသော အမိန့်ဥပဒေများ ကိုပင် ပြန်လည် ချိုးဖောက်သော စစ်အစိုးရကို မည်သို့မှ ယုံကြည်ရန် မဖြစ်နိုင်ကြောင်း ဆုံးဖြတ်သည်၊

(ဂ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံ၏ တခဲနက် ထောက်ခံမူဖြင့် ထုတ်ပြန်ခဲ့သော လုံခြုံရေး ကောင်စီဥက္ကဌ၏ ထုတ်ပြန် ကြေငြာချက် ကို ထောက်ခံ ပြီး၊ ယင်းညွှန်ကြားချက် အတိုင်းသာ မြန်မာပြည် အသွင်ကူး ပြောင်းရေးကို တက်လှမ်း ရမည်…ဟူသော ဆုံးဖြတ်ချက် သဘော ထားများ ချမှတ်ခဲ့ကြောင်း သိရပါသည်။

ထို့ပြင် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းများကို တပြိုင်တည်း အရှိန်အဟုန်နှင့် လုပ်ဆောင် သွားရန် ဆုံးဖြတ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်သည် တိုင်းရင်းသားပေါင်းစုံ လူငယ်အဖွဲ့ (၁၆) ဖွဲ့နှင့် ဖွဲ့စည်း ထားသော လူငယ် တပ်ပေါင်းစုဖြစ်၍၊ တိုင်းရင်းသား လူငယ်များ ဆုံရပ်သည် တိုင်းရင်းသား ပေါင်းစုံ လူငယ် အဖွဲ့အစည်း (၁၂) ဖွဲ့နှင့်ဖွဲ့စည်း ထားသည်။ တပ်ပေါင်းစု နှစ်ခု စလုံး ထိုင်း-မြန်မာနယ်စပ်နှင့် အိန္ဒိယ-မြန်မာနယ်စပ် တို့တွင် အခြေစိုက် လူပ်ရှားသည်။

No comments: