30 October, 2007

For Burmese Tha Tin Guyt Full Mon Day

အမှောင်ကင်းလွတ်သော သီတင်းကျွတ်ဖြစ်ပါစေခင်ဗျာ…



သီတင်းကျွတ် သွားခဲ့ပါပြီ…။ သီတင်းကျွတ် လပြည့်နေ့ ညက ဂျီတော့မှာ တွေ့တဲ့ မိတ်ဆွေ တချို့က “ဒီနေ့ ဘယ် ကို သွားဖြစ်လဲ” လို့မေးလာပါတယ်။ ဘာဖြစ်လို့လဲလို့ ပြန်မေးတော့…“ဒီနေ့သီတင်း ကျွတ်လ ပြည့်နေ့ လေ” ဆိုမှ သီတင်းကျွတ် သွားခဲ့ပြီဆိုတာ သတိယမိ ပါတော့တယ်။ တကယ်တော့ သီတင်းကျွတ် လပြည့်နေ့နဲ့ ၀ါလကင်း လွတ် သီတင်းကျွတ် ရက်တွေဆိုတာ ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတွေ အတွက် သဘာဝတရားကြီး ကနေပေး ထား တဲ့ “အမွန်မြတ်ဆုံး လက်ဆောင်” တွေသာ ဖြစ်ပါတယ်..။ ချစ်သူတွေလည်း နီးစပ်နိုင်မဲ့ရက်ကို ရင်ခုန်ကြည်နူးနေနိုင် တာပေါ့ခင်ဗျာ...။
ငယ်ငယ်ကဆိုရင် သီတင်းကျွတ်၊ တန်ဆောင်မုန်း လတွေဟာ ကျနော်တို့ ကလေးတွေ အတွက်ပျော်စရာ အလွန် ကောင်းပါတယ်။ ကောင်းကင်ကြီးက ကြည်စင်ပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံးလည်း လင်လက်ဝင်းပ နေပါတော့ တယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက် လသာသာညအခါတွေမှာ ကလေးတွေစုပြီး ရွာရိုးတစ် လျှောက် ပြေးလွှား ဆော့ကစား ခဲ့ကြတယ်..။ တစ်အိမ်နဲ့တစ်အိမ် မြန်မာ့ရိုးရာ မုန့်မျိုးစုံ အပြိုင်အဆိုင် လုပ်ကြ တယ်။ ရွာဦးဘုန်းကြီး ကျောင်းမှာ မုန့်တွေအပြိုင် လူဒါန်းကြတယ်..။ တစ်အိမ်ဝင် တစ်အိမ်ထွက် မုန့်တွေလိုက် စားကြတယ်..။
ငယ်ငယ် တုံးကပျော်စရာ နေ့ရက်တွေပါ..။ အရွယ်ရောက်လာတဲ့ အခါမှာတော့ ပတ်ဝန်းကျင်ကို စူးစမ်းဆင်ခြင် လာမိ တယ်။ ကိုယ်ရောက်နေတဲ့နေရာ…ကိုယ်နေထိုင်တဲ့ ခေတ်ကြီးကို လေ့လာမိတယ်…။ လေ့လာတော့ သိလာတယ်။ အဲဒီကတည်းက အပျော်ဆိုတာတွေ ဆိတ်သုဉ်းသွားခဲ့တယ်။ တကယ်တော့ အပျော်ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဆီကနေ နူတ်ယူသွားခံခဲ့ရတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ…။ ဒီကနေ့မှာတော့ မြန်မာလူထု အများစုဟာ သီတင်းကျွတ်လမှာ ရိုးရာမုန့်တွေ မလုပ်နိုင်တော့ပါဘူး..။ စားစရာတောင် နပ်မမှန် တော့ပါဘူး..။ ၀မ်းဗလာနဲ့ စိတ်ဒါဏ်ရာတွေကို ကြိတ်မှိတ်ခံစား နေခဲ့ကြရပါပြီ..။
အမှောင်ဖုံးနေတဲ့ ခေတ်ကြီးထဲမှာ ကြည်စင်နေတဲ့ သီတင်းကျွတ်လညတွေကလည်း ကျနော်တို့ နိုင်ငံ ကောင်း ကင်ယံပေါ်ကို အလင်းရောင်တွေ ဆောင်ကျဉ်းမလာ နိုင်တော့ပါဘူး။ ၀မ်းနည်းစရာ ကောင်းပေစွ…။ သို့သော်…။ အမှန်တရားဆိုတာ “ယုံကြည်မူ” တစ်ခုမဟုတ်ပါဘူး..။ “သေချာမူ” တစ်ခုပဲဖြစ်ပါတယ်…။ အဲဒီသေချာတဲ့ အမှန် တရားဟာ ဟောဒီလောကထဲမှာ အမှန်တကယ်ကို တည်ရှိနေပါတယ်…။ “အမှန်တရား” အလင်းရောင်တွေ မြန်မာပြည်မှာ အမြန်ဆုံး ထွန်းညှိနိုင်ဖို့ ကျနော်တို့ ပြည်သူလူထုကြီး အနေနဲ့ လွတ်မြောက် ရေးခရီး လမ်းကို ဆက်လက်ချီတက်ရမှာ ဖြစ်ကြောင်းပါ။
ဝန်ခံချက်။ ။ ညီမလေးလိုခင်ရတဲ့ “အလွမ်းအိမ်” ရဲ့ဘလော့ကို အလည်သွားရောက်အပြီး၊ သူမရေးထား တဲ့ “ပျော်စရာသီတင်းကျွတ်ဖြစ်ပါစေ” ဆိုတဲ့ ပိုစ့်လေးကိုဖတ်အပြီး၊ ပြီးတော့သူမရဲ့ လှပတဲ့သီတင်းကျွတ် မီးပုံး ပုံလေးတွေကို ကြည့်အပြီးမှာ၊ တစ်ခုခုရေးချင်စိတ် ပေါက်လာလို့ ဒီပိုစ့်ကို ရေးလိုက်တာပါ..။ ပုံလေးတွေကလည်း သူ့ဆီကပဲ ယူလာပါတယ်။
ချစ်သူတွေ အမြန်ဆုံး နီးနိုင်ကြပါစေ....။ အကျဉ်းကျနေသူတွေ အမြန်ဆုံး လွတ်မြောက် လာပါစေ။ မြန်မာပြည် အမြန်ဆုံး လွတ်မြောက်ပါစေ...။

2 comments:

This is about... said...

အစ်ကိုကြီးရေ တောင်းတဲ့ဆုနဲ.ပြည့်ပါစေ နော်။ သာဓု သာဓု သာဓု

Nyein Chan Aung said...

ညီမလေး ရည်မွန်ရေ....၊
ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ။
ပုံလေးတွေအတွက်ကျေးဇူးနော်...။